2009/10/03
16:10:51
Emajor သည်သင်တို့ အတွက်ဖြစ်ပါသည်။ Emajor သို့ လာသမျှကို ဂါရ၀ ဖြင့် ကြိုဆိုပါသည်။ လာရောက်လည်ပတ်အသင်းကြသူမိတ်ဆွေအားလုံးတို့ ပျှော်ရွှင်ကြပါစေ။
http://emajor.ning.com/
http://emajor.ning.com/
2009/10/03
16:05:28
Be a member of Emajor
* Emajor တွင်တင်ဆက်ထားသောအရာအားလုံးကို ပြည့်ပြည့်၀၀ကြည့်ရှုခံစား အသုံးပြုနိုင်ရန် အတွက် အသင်းဝင်တစ်ယောက်ဖြစ်ရန် လိုအပ်ပါသည်။ အသင်းဝင်မဟုတ်သော မိတ်ဆွေများမှာ Emajor ၏မျက်နှာပြင် Main Pageကိုသာကြည့်ရှုခွင့်ရရှိမည်ဖြစ်ပါသည်။
http://emajor.ning.com/
* အသင်းဝင်ရန်အတွက် ပထမဦးစွာ Sign Up ကိုသွားပါ။ Click နှိပ်ပါ၊ ခဏစောင့်ပါ။ Connection မကောင်းက ကြာကြာလေး စောင့်လိုက်ပါ။ သင်၏ Email လိပ်စာ၊ Password စသည့်ကွက်လပ်များကိုဖြည့်ပေးလိုက်ပါ။ (password မှာ သင်၏ Email password မဟုတ်ပဲ သင်နှစ်သက်ရာပေးနိုင်ပါသည်။ သင်၏ password ကိုသင်တစ်ဦးတည်းသာ သိနိုင်မည် ဖြစ်သောကြောင့် သင်ဘာသာ သေသေချာချာမှတ်သားထားပါ။ အကယ်၍ Password ပျောက်သွားသည်ရှိသော် နောက်တစ်ကြိမ် Emajor သို့လာရောက်လည်ပတ် sing in လုပ်သောအခါတွင်သင်၏ Email လိပ်စာကိုရိုက်ထည့်ပြီး Forgot password ကိုနှိပ်ပါ။ ပြီးနောက် သင်၏ Email သို့ပြန်လည်သွားရောက်၍ Password ကိုပြင်ပါ။ Sign Up ပြုလုပ် ပြီးသွားလျှင် Emajor ၏ ခွင့်ပြုချက်ကို အလွန်ဆုံးတစ်ရက်စောင့်ပါ။ နောက်ရက်များတွင် သင် Emajor သို့ အချိန်မရွေး လာရောက်လည်ပတ်နိုင်ပါပြီ။
*
Invite your friends to Emajor
* Emajor က သင့်အား အသင်းဝင်အဖြစ် လက်ခံကြောင်း အကြောင်းကြားစာကို သင်လက်ခံ ရရှိပြီးပါက Emajor သို့တစ်ခေါက်ပြန်လာလိုက်ပါ။ Sign In ၀င်ရောက်ပြီး Invite မှတစ်ဆင့် သင် ချစ်ခင်သော၊ သင် ခင်၍ချစ်ရသော၊ မြတ်နိုးသော၊ သတိရသော၊ တမ်းတမိသော၊ ငယ်ငယ်က တူတူပုန်းတမ်း ကစားဖူးသော၊ ယခုအခါ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိသော၊ ယခုအချိန်ထိအောင် တူတူပုန်းတမ်းကစားရအောင်ဟုပြောလေ့ရှိသော မိတ်ဆွေရောင်းရင်း သူငယ်ချင်းတို့အား Emajor သို့ အတူတွေ့ဆုံရန် ကြော်ငြာမောင်းခတ်သည့်အနေဖြင့် Invite လုပ်လိုက်ပါ။
*
Create My Page သင်၏ကိုယ်ပိုင်စာမျက်နှာဖန်တီးခြင်း
* Emajor အတွင်းတွင် သင်၏ကိုယ်ပိုင်စာမျက်နှာ ကို သင့်စိတ်တိုင်းကျ ဖန်တီးနိုင်ပါသည်။ My Page တွင်သင်၏အကြောင်း သင်စိတ်ဝင်စားသည့်အရာများအကြောင်း၊ သင်ယခုအချိန်တွင် ကျန်းမာရေးဒေါင်ဒေါင်မြည်လျှက်ရှိနေပါကြောင်း အစရှိသည်ဖြင့် သတင်းအချက်အလက်များကို တင်ဆက်ထားနိုင်ပါသည်။ သင်၏ My Page အားအများစိတ်ဝင်စားမှုရှိအောင် မည်သို့မည်ပုံ ဖန်တီးတည်ဆောက်ရမည်ကို Blog Post တွင်ဝင်ရောက်ကြည့်ရှုလေ့လာပြီး သင်၏ My Page ကို ကြွကြွရွရွ၊ လှလှပပ၊ ပပလှလှ၊ ( အခန့်မသင့်ပါက အများမျက်စိ စပါးမွှေးစူးအောင်) လက်စွမ်းပြ တည်ဆောက်ထားနိုင်ပါသည်။
*
Chat with Emajor Members အဖွဲ့ဝင်အချင်းချင်း စကားပြောဆိုခြင်း
* Emajor အတွင်းတွင် Chat Box ပါဝင်သောကြောင့် အဖွဲ့ဝင် အချင်းချင်း Chatting ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ Chat Box တွင်အဖွဲ့ဝင်များအုပ်စုဖွဲ့၍ အင်္ဂလိပ်စာနှင့်ပတ်သက်သော အကြောင်းအရာများကို English စာရိုက်၍ ရေးသားပြောဆိုနိုင်ပါသည်။ အဖွဲ့ဝင်အချင်းချင်း တွေ့ဆုံမှု ပိုမိုလာစေရန်အတွက် Chatting ပြုလုပ်ချိန်များကို အောက်ပါအတိုင်းသတ်မှတ်ပေးထားပါသည်။
၁။ မြန်မာစံတော်ချိန် နံနက် ၇ နာရီမှ ၉ နာရီ၊
၂။ နေ့လယ် ၁၂ နာရီမှ ၁ နာရီ၊
၃။ ညနေပိုင်း ၅ နာရီမှ ၉ နာရီ သတ်မှတ်ထားပါသည်။
Chat Box သည် Home Page ၏အောက်ခြေ ညာဘက်တွင် တည်ရှိနေပါသည်။ Chat Box ကိုဖွင့်လိုလျှင်ဤsite ၏အောက်ခြေ ညာဘက်ရှိ တြိဂံ ပုံလေးကို click လုပ်ပါ။

2009/02/03
07:55:02
You are welcome to Emajor.